အလင်းကို ယုံကြည်ကြလော့
မိုးလေဝသခန့်မှန်းချက်မှ ဆိုင်ကလုန်းဗုံးဟု ကြေညာခဲ့သည်။ ဆောင်းမုန်တိုင်းတစ်ဟုန်ထိုးအရှိန်မြင့်လာပြီး လေဖိအားကျဆင်းသွားသည့်အခါ ထိုသို့ဖြစ်တတ်သည်။ ညရောက်လာချိန်တွင် နှင်းမုန်တိုင်းကြောင့် ဒန်ဗာလေယာဉ်ကွင်းသို့ သွားသောအဝေးပြေးလမ်းမကို မမြင်ရတော့သလောက် ဖြစ်သွားသည်။ မြင်ကို မမြင်ရတော့ပါ။ သို့သော် သမီးက လေယာဉ်စီးပြီး အိမ်အလည်ပြန်လာချိန် ဖြစ်သောအခါ လုပ်စရာရှိသည်ကို လုပ်ရမည်ပင်။ အင်္ကျီအပိုနှင့်ရေတို့ကို ထုတ်ပိုးမည် (အဝေးပြေးလမ်းပေါ် ပိတ်မိခဲ့သော်ပေါ့)။ ကားကို ဖြေးဖြေးမောင်းကာ အဆက်မပြတ်ဆုတောင်းနေမည်၊ နောက်ဆုံးအနေနှင့် ကားရှေ့မီးကိုလည်း စိတ်ချထားရမည်။ တစ်ခါတစ်ရံ၌ မဖြစ်နိုင်တော့လုနီးပါးအခြေအနေကို ရင်ဆိုင်ရနိုင်သည်။
တိုက်ခတ်လာမည့်အလားအလာရှိသည့် မုန်တိုင်းအကြောင်းကို သခင်ယေရှုကြိုတင်ပြောခဲ့သည်။ သူ၏အသေခံခြင်းနှင့် (ယော ၁၂:၃၁-၃၃)၊ သူ့ နောက်လိုက်များအား သူ့အပေါ် သစ္စာရှိရှိ အစေခံရန် စိန်ခေါ်မှုတို့ ပါဝင်သည့် မုန်တိုင်းပင် (:၂၆)။ အမှောင်ထုဖုံးလွှမ်းလာပြီး ဘာမှမမြင်ရတော့လုနီးပါးဖြစ်လာမည်။ သို့နှင့် သခင်ယေရှုက သူတို့ကို ဘာလုပ်ရန် ပြောခဲ့သနည်း။ “အလင်းကို ယုံကြည်ကြလော့” (:၃၆)ဟု သခင်မိန့်တော်မူခဲ့သည်။…
မုန်တိုင်းဝင်လာသောအခါ
အမေရိကန်ပြည်ထောင်စုအနောက်ဘက်ရှိ ရော့ကီးမောင်းထိန်း ကျောက်တောင်နှင့် နှစ်စဉ်နှင်းဖုံးလွှမ်းသောအရပ်ဟု လူသိများသည့် ကိုလိုရာဒိုပြည်နယ်တွင် ကျွန်ုပ်နေထိုင်ပါသည်။ သို့သော် ပြည်နယ်၏အဆိုးရွားဆုံး သဘာဝဘေးမှာ နှင်းမဟုတ်ဘဲ မိုးရေဖြစ်သည်။ ၁၉၇၆ ခုနှစ် ဇူလိုင် ၃၁၊ အပန်းဖြေမြို့ Estes Park ဝန်းကျင်တွင် The Big Thompson ရေလွှမ်းမိုးမှုဖြစ်ခဲ့သည်။ ရေများကျသွားသောအခါ သေဆုံးသူဦးရေ ၁၄၄ ဦး (တိရိစ္ဆာန်အရေအတွက်မပါဝင်) ရှိခဲ့သည်။ သဘာဝဘေးကြီးလွန်သွားပြီးနောက် ထိုဒေသတွင် အထူးသဖြင့် လမ်းနှင့် အဝေးပြေးလမ်းမများ၏အုတ်မြစ်ကို အထူးလေ့လာမှုများပြုခဲ့ရာ၊ မုန်တိုင်းဒဏ်ခံနိုင်ခဲ့သောလမ်းနံရံများကို ကွန်ကရစ်အပြည့်လောင်းထားကြောင်း တွေ့ရသည်။ တစ်နည်းဆိုသော် ကြံ့ခိုင်မာကြောသော အခြေခံအုတ်မြစ်များရှိနေခဲ့ပါသည်။
အသက်တာ၌ မုန်တိုင်းလာခဲ့သော်ဟုမေးရန်မဟုတ်ဘဲ မုန်တိုင်းဘယ်တော့လာမှာလဲဟုမေးရန်ဖြစ်သည်။ တစ်ခါတစ်ရံ ကြိုပြီးသတိပြုမိသော်လည်း များသောအားဖြင့် မသိနိုင်ပါ။ ထို့ကြောင့် ထိုသို့သောအချိန်အတွက် ဘုရား၏စကားတော်ကို ကြားရုံမဟုတ်ဘဲ လက်တွေ့အသက်ရှင်နေထိုင်ခြင်းဖြင့် ကြံ့ခိုင်သောအုတ်မြစ်ကိုတည်ဆောက်ရန် သခင်ယေရှုက အတိအလင်းမိန့်ကြားထားသည် (လု ၆:၄၇)။ ထိုအလေ့အကျင့်သည်…
အနည်းငယ် ချန်ထားပေးပါ
ပဲနိ၊ နီကယ်၊ ဒိုင်း၊ ကွာတား စသည့် အကြွေစေ့များသည် တစ်ခါတစ်ရံ တစ်ဒေါ်လာ၏တစ်ဝက်မျှ တန်ဖိုးရှိတတ်သည်။ ထိုအကြွေစေ့များကို အဖိုး၏ ခုတင်ဘေးရှိ စားပွဲပေါ်တွင် တွေ့ရပါမည်။ အဖိုးက ညတိုင်း သူ့အိပ်ထဲမှအကြွေမှန်သမျှကိုထုတ်ပြီး စားပွဲပေါ်တင်ထားလေ့ရှိသည်။ မကြာမီ မြေးများရောက်လာတော့မည်ကို သူသိနေသည်။ ဤနှစ်များအတွင်း မြေးများကလည်း အဖိုးအိမ်သို့သူတို့ရောက်တိုင်း ထိုစားပွဲသို့သာသွားသည့် အကျင့်ဖြစ်နေပါပြီ။ အဖိုးအနေဖြင့် အပိုအကြွေစေ့များကို စုဘူးထဲထည့် (သို့) ဘဏ်၌စုဆောင်းထားနိုင် သော်လည်း မစုပါ။ သူ့အိမ်သို့အလည်လာသည့် အဖိုးတန်ဧည့်သည်တော်များအတွက် ထိုသို့ပြုပေးရသည်ကို သူဝမ်းသာကျေနပ်သည်။
ထိုစိတ်သဘောကို ဝတ်ပြုရာကျမ်း ၂၃ တွင် ဖော်ပြထားပါသည်။ကောက်ပဲသီးနှံများ ရိတ်သိမ်းချိန်တွင် “စပါးကိုရိတ်သောအခါ လယ်ထောင့်ကို အကုန်အစင် မရိတ်ရ” (:၂၂)ဟု မောရှေမှတစ်ဆင့် ဘုရားသခင်က လူတို့ အလိုလိုမသိနိုင်သည့်အချက်ကို မိန့်တော်မူသည်။ အဓိကအားဖြင့် “နည်းနည်းချန်ထားပေးရန်”ဆိုလိုခြင်းဖြစ်သည်။ ၎င်းသည် လူတို့အား သူတို့၏ကောက်ပဲသီးနှံများ၏နောက်ကွယ်တွင် ဘုရားသခင်သည် အဓိကရှိနေပြီး၊…
နှလုံးကြေကွဲကျိုးပဲ့သူ၏ဆုတောင်း
“ကောင်းကင်ဘုံ၌ ရှိတော်မူသောအဘဘုရား၊ ကျွန်ုပ်သည် ဆုတောင်းတတ်သူ မဟုတ်ပါ။ သို့သော် ကိုယ်တော်ရှိပြီး ကျွန်ုပ်အသံကိုကြားလျှင် ကျွန်ုပ်ကို လမ်းပြတော်မူပါ။ ကျွန်ုပ်ဘာမှ မလုပ်တတ်တော့ပါ။” ၎င်းသည် (ဝမ်းမြောက်ဖွယ်ကောင်းသော ဘဝတစ်ခု)“Its a Wonderful Life” ရုပ်ရှင်မှ မင်းသား ဂျင်မီစတီးဝပ်သရုပ်ဆောင်သည့် ဇာတ်ကောင်ဂျော့ဘေလီ၏ ဆုတောင်း ချက် ဖြစ်သည်။ ဘေလီ၏မျက်လုံး၌ မျက်ရည်များပြည့်နေသည့် ဇာတ်၀င်ခန်း မှာ ကျော်ကြားလှသည်။ ဇာတ်ညွှန်း၌ ထိုအခန်းမပါသော်လည်း ထိုဆုတောင်းကို ရေရွတ်ရင်း “ဘယ်မှာမှ အားကိုးရာရှာမတွေ့တဲ့လူတွေရဲ့ အထီးကျန် ဆန်မှုနဲ့ မျှော်လင့်ချက်မဲ့မှုတွေကို စိတ်မှာခံစားလိုက်ရတယ်” ဟု စတီးဝပ်က ပြောသည်။ ထိုအရာက သူ့စိတ်နှလုံးကို ကြေကွဲစေခဲ့သည်။
ဘေလီ၏ဆုတောင်းကို အနှစ်ချုပ်ပြောရလျှင် ရိုးရိုးလေးပါ။ “ကျွန်ုပ်ကို မစပါ” ဟူ၍ဖြစ်သည်။ ၎င်းသည် ဆာလံ ၁၀၉ ၌ ပါရှိသည့်အချက် အတိအကျပင် ဖြစ်သည်။ ဒါဝိဒ်သည်…
တာကိုမက္ကဆီကန်အသားလိပ်မုန့်နှင့်ညီမျှသော
အက်ရှ်တန်နှင့် အော်စတင်ဆင်မြူရယ်ဆန် ညီအစ်ကိုတို့သည် ရှင်ယေရှုကို အစေခံရန် ပြင်းပြသောဆန္ဒတို့ဖြင့် ခရစ်ယာန်ကောလိပ်တက်ပြီး ဘွဲ့ရခဲ့ကြသည်။ သို့သော် သမားရိုးကျအသင်းတော်၌အမှုတော်ဆောင်ရန် နှစ်ဉီးစလုံး စိတ်မပါ။ လောကကြီးထဲအမှုတော်ဆောင်ခြင်းဆိုလျှင် သူတို့ဆန္ဒနှင့်လုံးဝကွက်တိ။ သို့နှင့် ကလေးများ အစာငတ်မွတ်ခြင်းဘေးကို တိုက်ဖျက်ရန် သူတို့ဝန်တာရှိခြင်းနှင့် ဘုရားပေးသော စီးပွားရေးစွမ်းရည်များတို့ကို ပေါင်းစပ်ပြီး ၂၀၁၄ ခုနှစ်တွင် တာကိုမက္ကဆီကန် အသားလိပ်မုန့်ရောင်းသော စားသောက်ဆိုင်ဖွင့်ခဲ့သည်။ သို့သော် အခြားဆိုင်များနှင့်မတူပါ။ ‘တစ်ခုဝယ် တစ်ခုပေး’ စနစ်ဖြင့် သူတို့လုပ်ငန်း လည်ပတ်ခဲ့သည်။ မုန့်တစ်ပွဲ ဝယ်ယူတိုင်း ရရှိသောငွေဖြင့် အာဟာရချို့တဲ့သော ကလေး များအတွက် အထူးအာဟာရဖြည့်စွက်အစာတစ်နပ် ထောက်ပံ့ပေးသည်။ ယနေ့ ထိတိုင် နိုင်ငံပေါင်း ၆၀ ကျော်သို့ သူတို့ ပေးလှူနေဆဲဖြစ်သည်။ ကလေးများ ငတ်မွတ်ခြင်းဘေးကို အဆုံးသတ်ရန် တစ်စိတ်တစ်ဒေသပါဝင်သည့်အနေဖြင့် တစ်ကြိမ်လျှင် တာကိုတစ်ပွဲမှာ သူတို့၏ပန်းတိုင်ဖြစ်သည်။
မဿဲ ၁၀ ရှိ သခင်ယေရှု၏စကားက…
ကမ္ဘာကြီးဘာမှားနေသလဲ
၂၀ ရာစုသို့ဝင်ရောက်လာချိန်တွင် “The London Times” မှ စာဖတ်သူများအား “ကမ္ဘာကြီးဘာမှားနေသလဲ”ဟူသည့် မေးခွန်းကို မေးခဲ့သည်။
သမားရိုးကျမေးခွန်းဖြစ်သော်လည်း “သင့်ကိုအဖြေပေးရန် အချိန်မည်မျှ ပေးမည်နည်း” ဟု တစ်ဦးဦးက တုံ့ပြန်လိမ့်မည်။ ထိုတုံ့ပြန်ချက်သည် တရားမျှတ ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကမ္ဘာကြီးမှားနေသည့် အကြောင်းရင်းများစွာ ရှိသောကြောင့် အချိန်ယူ၍အဖြေပေးရပါမည်။ The Times မှတုံ့ပြန်ချက်များစွာကို လက်ခံရရှိသည့်အနက် တုံ့ပြန်ချက်တစ်ခုမှာ တိုတိုတုတ်တုတ်နှင့် ထူးခြား လေးနက်သည်။ တုံ့ပြန်သူမှာ အင်္ဂလိပ်စာရေးဆရာ၊ ကဗျာဆရာ၊ အတွေးအခေါ် ပညာရှင် ဂျီကေ ချက်စ်တာတန် ဖြစ်ပြီး တုံ့ပြန်ထားသောသူ၏စာမှာ “ဆရာ၊ အမှားက ကျွန်တော်ဖြစ်ပါသည်” ဟူ၍ဖြစ်သည်။
ထိုအကြောင်းအရာသည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ငြင်းခုံစရာ အချက်တစ်ခုဖြစ်လာသည်။ ထိုတုံ့ပြန်မှုက ဘာမျှမဟုတ်သော်လည်း မှန်ကန်မှု ရှိသည်။ ချက်စ်တာတန် မတိုင်မီကပင် ရှင်ပေါလု အမည်ရှိသည့် တမန်တော်ကြီးတစ်ဦးရှိခဲ့သည်။…
သင် ရသမျှအားလုံးကို ပေးလိုက်ပါ
အတိုးအလျော့ ဆိုသည့် ဝေါဟာရက ကျန်းမာကြံ့ခိုင်ရေးလောကတွင် လူတိုင်း ပါဝင်လာအောင် အခွင့်ပေးသည့် ဝေါဟာရဖြစ်သည်။ ဥပမာ- အထူးလေ့ကျင့်ခန်း ‘အိပ်၊ထ၊မ၊တင်’ကို ၁၀ ကြိမ် ဆက်တိုက်လုပ်ရမည် ဖြစ်သော်လည်း ကျွန်တော်က ၄ ကြိမ်သာလုပ်နိုင်သည်။ နည်းပြက ကျွန်တော်၏ ကြံ့ခိုင်မှုအဆင့် ပေါ်မူတည်ပြီး ကာလအလိုက် အတိုးအလျော့လုပ်နိုင်ကြောင်း ကျွန်တော့်ကို အားပေးသည်။ မိမိတို့၏ကြံ့ခိုင်မှုအဆင့်မတူညီသော်လည်း ဦးတည်ချက် တစ်ခုတည်းဆီသို့ အားလုံးရွေ့သွားနိုင်သည်။ “ရှင့်အစွမ်းရှိသလောက် ‘အိပ်၊ထ၊မ၊တင်’ ၄ ကြိမ် ဆက်လုပ်ပါ။ အခြားသူတွေနဲ့ ရှင့်ကိုယ်ရှင် မနှိုင်းနဲ့။ အခုအတွက်တော့ လျော့ထားအုံး၊ ရှင်လုပ်နိုင်သလောက် ဆက်လုပ်၊ တစ်ချိန်မှာ ရှင် ၇ ကြိမ် လုပ်နိုင်လို့ ရှင်အံ့သြရမယ်၊ တစ်နေ့ကျရင်တော့ ၁၀ ကြိမ် လုပ်နိုင်မှာပါ” ဟူ၍ တစ်နည်းတစ်ဖုံ သူပြောခြင်းဖြစ်သည်။
ပေးလှူခြင်းနှင့် ပတ်သက်လျှင် တမန်တော်ရှင်ပေါလုက ရှင်းရှင်းလင်းလင်းပင်ပြောထားသည်။ “စေတနာစိတ်နှင့်လှူသောသူကိုသာ…
ဘုရားရှင်၏နည်းလမ်းထဲတွင်
၁၉၆၀ ဝန်းကျင်က ချီကာဂိုအနောက်ဘက်ရှိ ပျားပန်းခတ်နေသော နော့သ် လောန်ဒေး ရပ်ကွက်သည် လူမျိုးခြားများစုပေါင်းနေထိုင်သော စံပြဝန်းကျင်တစ်ခု ဖြစ်သည်။ လက်တစ်ဆုပ်စာမျှသော အလယ်အလတ်တန်းစား အာဖရိကန်-အမေရိကန်လူမျိုးများသည် ထိုနေရာတွင် အိမ်ပိုင်ဆိုင်မှုနှင့်စပ်လျဥ်း၍နစ်နာမှုများ သည့်ဝယ်ငှားစာချုပ်ဖြင့် အိမ်များဝယ်ယူကြပြီး စာချုပ်ပါအချက်များကိုလည်း တာဝန်ခံရသည်။ စာချုပ်သည် ဝယ်ယူသူအတွက် မျှတမှုမရှိပါ။ အကယ်၍ အရစ်ကျငွေပေးချေရန် တစ်ကြိမ်ပျက်ကွက်က လက်ငင်းပေးချေထားသောငွေ၊ လစဉ်ပေးချေသောငွေများအပါအဝင် အိမ်ကိုပါ ဆုံးရှုံးရမည်ဖြစ်သည်။ မတရားသော ရောင်းသူများက ငွေကြေးဖောင်းပွသည့်နှုန်းဖြင့် အဆမတန်စျေးဖြင့်ရောင်းချပြီး၊ တစ်ကြိမ်ငွေပေးချေရန်ပျက်ကွက်သည်နှင့် မိသားစုများကို မောင်းထုတ်နှင်ချ ကြသည်။ ထိုနောက် အခြားမိသားစုကို ထိုစာချုပ်ဖြင့်ထပ်ရောင်းနှင့်၊ လောဘဇော အတောမသတ်စွာဖြင့် သံသရာလည်နေပါတော့သည်။
ရှမွေလသည် သူ့သားများကို ဣသရေလလူတို့အပေါ် တရားသူကြီးအဖြစ် ခန့်အပ်ခဲ့သည်။ သို့သော် သူတို့၌ လောဘစိတ်လွှမ်းမိုးလျက် "အဘလမ်းသို့မလိုက်" (၁ရာ ၈:၃)။ အဘ၏အကျင့်သမာဓိနှင့်ဆန့်ကျင်ဘက် - သူ့သားများသည် "ငွေကို တပ်မက်သောစိတ်နှင့်လွဲသွား၍တံစိုးစားလျက်" သူတို့၏ရာထူးများကို…
မီးပွားလေးမျှသာ
“ကျွန်မတို့အားလုံး စာကြည့်တိုက်ထဲရှိနေပြီး အပြင်ကမီးတောက်တွေကို မြင်နေရ တယ်။” သူကြောက်နေကြောင်း သူ့အသံမှတစ်ဆင့်ကြားရသည်။ ကျွန်တော်တို့ သူ့အသံကိုသိသည် - သမီး၏အသံဖြစ်သည်။ တစ်ချိန်တည်းတွင် ကောလိပ် ကျောင်းဝင်းကြီးက သူ့အတွက်အလုံခြုံဆုံးနေရာဖြစ်ပြီး ကျောင်းသူ ကျောင်းသား ၃၀၀၀ ခန့်လည်း သူနှင့်အတူရှိနေကြောင်း ကျွန်တော်တို့သိသည်။ ၂၀၁၈ ခုနှစ် ဝူးလ်စေး မီးလောင်မှုသည် မီးသတ်သမားများခန့်မှန်းမျှော်လင့်ထားသည်ထက် လျှင်မြန်စွာပျံ့နှံ့ခဲ့သည်။ ကယ်လီဖိုးနီးယားချိုင့်ဝှမ်းဒေသ၏စံချိန်တင်အပူချိန်၊ ခြောက်သွေ့မှု၊ နာမည်ကြီး စင်တာအယ်နာ လေရူးတို့ပေါင်းပြီး သေးငယ်သော မီးပွားများကို သယ်ဆောင်သွားကာ ဧကပေါင်း ၉၇၀၀၀ လောင်ကျွမ်းပြီး၊ အဆောက်အဦ ၁၆၀၀ ကျော်ပျက်စီးကာ လူသုံးဦး သေဆုံးခဲ့ရသည်။ မီးကို ထိန်းချုပ်နိုင်ပြီးနောက်ပိုင်း ရိုက်ထားသောဓာတ်ပုံ၌ ပုံမှန်စိမ်းလန်း စိုပြည်ခဲ့သော ပင်လယ်ကမ်းရိုးတန်းမှာ လ၏မျက်နှာပြင်နှင့် ဆင်တူနေတော့သည်။
ရှင်ယာကုပ်သြဝါဒစာ၌ သေးငယ်သော်လည်းအစွမ်းထက်သည့် မြင်းဇက်ကြိုး နှင့် သင်္ဘောတက်မ (၃:၃-၄)တို့ကို စာရေးသူက ဥပမာပေးရေးသားထားသည်။ ၎င်းတို့ကို…
တည့်တည့်မတ်မတ်
ယခင်က လယ်သမားတစ်ဉီးအတွက် ထွန်စက် (သို့) ကောက်ရိတ်ကောက်ခြွေစက် ကို တည့်တည့်မောင်းနှင်နိုင်ရေး အမြင်တည်ငြိမ်ရန်နှင့် လက်မြဲရန် လိုသည်။ သို့သော် မျက်လုံးကောင်းသည်ဆိုသည့်တိုင် အတန်းကျော်သွားခြင်းများရှိပြီး လက်အမြဲဆုံးသူပင် တစ်နေ့တာအလုပ်ပြီးချိန်တွင် ပင်ပန်းညောင်းချိပြီး ကိုက်ခဲ ကျန်ခဲ့သည်။ ယခုခေတ်တွင်မူ GPS နည်းပညာကို အခြေခံသည့် အော်တိုစတီယာ စက်များ ပေါ်လာပြီ ဖြစ်၍ အတန်းလိုက်စိုက်ပျိုးခြင်း၊ ကောက်စိုက်၊ ဆေးဖြန်း စသည့် လုပ်ငန်းများ လုပ်ဆောင်ရာ၌ တစ်တန်းနှင့်တစ်တန်းကွာခြားမှု ၁ လက်မ ဝန်းကျင်မျှသာ ရှိသည် အထိ စက်က တိကျမှုရှိသည်။ လက်နှင့်လုပ်စရာမလိုဘဲ စွမ်းဆောင်ရည်က အံ့မခမ်း ဖြစ်သည်။ စတီယာဘီးခွေကိုထိန်းကိုင်ရမည့်အစား ထွန်၊စိုက်၊ရိတ်ဘက်စုံသုံး စက်ကြီးပေါ်၌ အမဲကင်ပေါင်မုန့်အသားညှပ်ကို ဇိမ်နှင့် စားနေသည့်အဖြစ်ကို မြင်ယောင်ကြည့်လိုက်ပါ။ အံ့မခန်းသောစက်ကိရိယာက တည့်တည့်မတ်မတ် သွားနိုင်အောင် အထောက်အကူပြုသည်။
ယောရှိမင်းအကြောင်း ဆင်ခြင်ကြည့်ပါ။ သူသည် အသက် ၈…